ညောင်ဦး ဒီဇင်ဘာ ၂၃
သောက်သုံးရေအခက်ကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များသို့ သောက်သုံးရေဂါလံ ၉၀၀၀ ကို မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါက သောက်သုံးရေအလှူရှင်များ၏ လှူဒါန်းငွေဖြင့် သောက်သုံးရေများသွားရောက် လှူဒါန်းလျက်ရှိရာ သောက်သုံးရေများ အခက်ကြုံ နေရသည့် ညောင်ဦးမြို့နယ်၊ ဘုန်းတော်ရွာရှိ မြင်သာဘုန်းတော်ကြီးကျောင်း၊ သုံးထောင်ဂဲတဲတိုက်နှင့် ကန်နီကြီး တဲတိုက်မှ သံဃာတော်များနှင့် ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် တစ်ရွာလျှင်ရေဂါလံ ၃၀၀၀ စီ သွားရောက်လှူဒါန်း ပေးခဲ့ ကြောင်းပြီး အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေပေးခဲ့ကြောင်း သိရသည်။
သောက်သုံးရေများကို ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့် ကျေးရွာများမှ ချိတ်ဆက်အကူအညီ တောင်းခံ လာပါက ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတ အသင်းမှ ဦးအောင်ငြိမ်းထံက ပြောကြားသည်။
ဖေလိန်း(ပုဂံ)