စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကျောက်ဆည်အသင်း (ရန်ကုန်) မှ ငွေကျပ်သိန်း (၃၀) ပေးပို့လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်

စဉ့်ကိုင် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကျောက်ဆည်အသင်း (ရန်ကုန်) မှ   ကိုဗစ် - ၁၉ ရောဂါ  တိုက်ဖျက်ရေးနှင့်   ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၃၀) ပေးပို့လှူဒါန်းခဲ့ရာ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  ကျောက်ဆည်အသင်း (ရန်ုကုန်) မှ ငွေကျပ်သိန်း (၃၀) ပေးပို့လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာအေးလွင်မှ မြို့နယ်  ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အဖွဲ့၀င် ဦးထွန်းထွန်းဦးက  အသင်းကိုယ်စား လက်ခံရယူခဲ့ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်အသင်း  (ရန်ကုန်)  မှပေးပို့ လှူဒါန်းသောငွေ ကျပ်သိန်း (၃၀) အား စဉ့်ကိုင်မြို့နယ်တွင် ကူးစက်ဖြစ်ပွားလျက်ရှိသော  ကိုဗစ် - ၁၉ ရောဂါများ တိုက်ဖျက်ရေးနှင့်ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော နေရာများတွင် အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ညိုညို၀င်း(စဉ့်ကိုင်ပြန်/ဆက်)