မိုင်းစံ ဒီဇင်ဘာ ၂၃
မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီ ညွှန်ကြားချက်များနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အသိပညာပေးခြင်းများ လိုက်လံဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့်အတူ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့သည် မိုင်းစံမြို့အတွင်းရှိ စျေးဆိုင်ခန်းများ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီညွှန်ကြားချက်များအား ချပြရှင်းလင်းခဲ့သည်။
ဆက်လက်၍ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအခွင့်အာဏာဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးရန် အချက်(၉)ချက်အား ပြည်သူများ သိရှိလိုက်နာရန် Hand Speaker များဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask များကို မီးသတ်လမ်းဆုံ၊ စျေးလမ်းဆုံနှင့် ပြည်ထောင်စုလမ်းမတစ်လျှောက် ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)