ကွမ်းလုံမြို့၌ သာသာနာ့အလင်းရောင် (တံတားဦးစေတီ) ကျောင်းတိုက် ဓမ္မစာရီကျောင်းဆောင်သစ် တည်ဆောက်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ကွမ်းလုံ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သာသနာ့အလင်းရောင် (တံတားဦးစေတီ) ကျောင်းတိုက်တွင် ဓမ္မစာရီကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျောင်းဆောင်သစ် တည်ဆောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်သစ်တည်ဆောက်ရန်အတွက် စုစုပေါင်း ငွေကျပ် (၆၆၆၅၀၀၀၀/-) အား စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် တည်ဆောက်လျက်ရှိသည့် နှစ်ထပ်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)