ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

ဒေးဒရဲ  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မင်္ဂလာသောင်တန်းကျေးရွာရှိ ပိုးတွေ့လူနာနှင့်ဆက်စပ်ရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ()ဦး ဒေးဒရဲမြို့ရှိ ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူပြီး  ယနေ့ နံနက်ပိုင်းက ရောဂါများ သက်သာပျောက်ကင်း၍  ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မင်္ဂလာသောင်တန်းကျေးရွာရှိ ပိုးတွေ့လူနာနှင့် ဆက်စပ်ရာမှ ကိုဗစ်-၁၉ positive တွေ့ရှိခဲ့သည့် အတည်ပြုလူနာများအား သာသနာ့ဗိမာန်ယာယီဆေးရုံနှင့် အထက()ယာယီ ဆေးရုံတို့တွင် ဆေးကုသမှု ခံယူရာမှ အမျိုးသား()ဦး၊ အမျိုးသမီး()ဦး၊ စုစုပေါင်း()ဦး ရောဂါများ သက်သာ ပျောက်ကင်းပြီဖြစ်၍ ဒေးဒရဲမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဆေးရုံဆင်းခွင့်ပြုခဲ့ရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး အထောက် အကူပြုအဖွဲ့မှ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၃၈၃)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၃၃၆)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသူ (၄၇)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)