မြစ်သားမြို့၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

မြစ်သား ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့နံနက် (၈) နာရီက လူသွားလူလာ များပြားသည့် နေရာများတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း၊ ရွှေမုဌောဘုရားရှေ့တွင် စျေးဝယ်သူများနှင့် စျေးသည်များ၊ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေရန် စစ်ဆေးကြပ်မတ်ခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)