ငွေဆောင် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်ခဲ့သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီက ငကွကျေးရွာအုပ်စု၊ သရက်ဝမ်းပူ ကျေးရွာ တောင်သူဂေါ်ဆဲလ်ဖို၏ ပေါ်ဆန်းဘေးကြား မိုးစပါး စံကွက်(၇)ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွတ်ရိတ်သိမ်းပွဲသို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလှိုင်မျိုးသန့်နှင့် ပုသိမ်မြို့နယ် လယ်စီအင်းဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး ဦးဂေါ်ဆဲလ်ဖို၏ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများတိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းရာတွင် ပေါ်ဆန်းဘေးကြားမျိုးစေ့ထုတ် မိုးစပါး တစ်ဧက ၇၆.၇၁တင်း တင်းနှုန်း ထွက်ရှိကြောင်း၊ ငွေဆောင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလှိုင်မျိုးသန့် ထံမှသိရသည်။
မူမူသွင်(ပြန်/ဆက်)