ပန်နန်းဒင် ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ "ထာပရီ" ချောင်းကူးသစ် သားတံတားမှာ စက်တင်ဘာလ ၂၃ ရက်ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများမြင့်တက်လာကာ မျောပါ ပျက်စီးသွားခဲ့ သည်။
ထို မျောပါပျက်စီးသွားသည့်သစ်သားတံတားသစ်ကို လမ်းဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျဉ်ခင်းသစ်သားတံတားသစ်မှာ အရှည်(၅၀)ပေ၊ အကျယ်(၁၄)ပေရှိသော ပျဉ်ခင်း သစ်သားတံတား အမျိုးအစားဖြစ်ပြီး ယခုအခါ ယာဉ်ကြီး၊ ယာဉ်ငယ်များ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတတိယ အပတ်မှစတင်၍ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးဇော်ရာဆင်ရမ် ထံမှ သိရသည်။
နောယော်ဘော်(ပြန်/ဆက်)