ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးဌာနမှ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟိုင်းကြီးကျွန်း   ဒီဇင်ဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင်ပူပြင်းသော နွေရာသီကာလ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဇော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့အဝင်ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပူပြင်းသောနွေရာသီကာလကို ရောက်ရှိတော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မည်ကဲ့သို့ပြုလုပ်ရမည်ကို သိရှိစေရေး၊ မီးဘေးအန္တရာယ်သည် လူသားအရင်းအမြစ်နှင့်သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်သည့်အတွက် မပေါ့ဆဘဲ ကြိုတင်ကာကွယ်ပြီး မီးဘေးလုံခြုံရေးကို အထူးဂရုပြုစေရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

လှိုင်မျိုးအောင်(ပြန်ဆက်)