မင်းတပ်မြို့ပေါ်ရှိ စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး

မင်းတပ်  ဒီဇင်ဘာ ၂၃

မင်းတပ်မြို့ပေါ် ()ရပ်ကွက်ရှိ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မေသူလက် က" မြို့ပေါ်()ရပ်ကွက်မှာရှိတဲ့ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ် နိုင်ရေး ပြင်ဆင်ထားရှိမှုတွေက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိကို ကွင်းဆင်း စစ်ဆေးကြတာ ဖြစ်ပါတယ်၊ ဆိုင်တွေကို ကွင်းဆင်း စစ်ဆေးတဲ့အခါမှာ သတ်မှတ်ချက် အဆင့်(A) ရရှိတဲ့ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ဖွင့်လှစ် ရောင်းချခွင့် ပြုမှာဖြစ်ပါတယ်" ဟုပြောကြားသည်။

မင်းတပ်မြို့ပေါ် ()ရပ်ကွက်ရှိ အစားအသောက်ရောင်းချသည့် ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ကိုက်ညီပြီး သတ်မှတ်ချက် အဆင့်(A)ရရှိသည့် စားသောက်ဆိုင်များကို ဒီဇင်ဘာလ (၂၄)ရက်နေ့မှစ၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်းမောင်း(မင်းတပ်)