အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာတွင် ကျွဲ ၊ နွားများကို လည်ချောင်းကွဲရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေး

အမာ     ဒီဇင်ဘာ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာတွင် အမာမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင် လိုက်လံထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် ကျွဲ၊ နွားများ တစ်ပိုင်တစ်နိုင် မွေးမြူထားသော တောင်သူများအနေဖြင့် ကောင်းမွန်သောမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျွဲ၊ နွားများလည်ချောင်း ကွဲရောဂါ မဖြစ်ရေး ကြိုတင်ထိုးနှံပေးရခြင်းဖြစ်ပြီး (၆)လ (၁)ကြိမ်ပုံမှန် ထိုးနှံပေးရကြောင်း၊ ကျွဲ၊ နွားများကို စနစ်တကျမွေးမြူရေးနည်းစနစ်များနှင့် ကူးစက်ရောဂါများကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကာကွယ်ဆေး ထိုးနှံပေးရန်တို့ကို  အသိပညာ ပေးပြောကြားခဲ့ကြောင်း အမာမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဦးသန်းဌေးထံမှသိရသည်။

နော်လေး(အမာ)