လပွတ္တာမြို့နယ်၌ ပိုးတွေ့လူနာ(၈)ဦး ထပ်မံတွေ့ရှိ

လပွတ္တာ       ဒီဇင်ဘာ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့်ကျေးရွာများမှ ပိုးတွေ့လူနာ(၈)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

လပွတ္တာမြို့နယ် ကိုဗစ်-၁၉ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် အ.ထ.က(၂) Quarantine Center တွင် ဝင်ရောက်နေသူ(၅၂)ဦး၊ မြို့ပေါ် Quarantine Center တွင် ဝင်ရောက်နေသူ (၂၄)ဦး၊ စုစုပေါင်း(၇၆)ဦးအား ဗဟိုအမျိုးသားကျန်းမာရေးဌာန(N-H-L)၏ ပြန်ကြားချက်အရ စုစုပေါင်း (၈)ဦးမှာ Positive ဖြစ်ကြောင်းသိရသည်။ လပွတ္တာမြို့ နယ် အမှတ်(၅)ရပ်ကွက်(၄)ဦး၊ အမှတ်(၇)ရပ်ကွက်(၃)ဦး၊ အမှတ်(၁ဝ)ရပ်ကွက်(၁)ဦးနှင့် သေဆုံး (၃)ဦးတို့ဖြစ်သည်။

လပွတ္တာမြို့နယ်တွင် COVID-19 Positive အခြေအနေမှာ ဆေးရုံဆင်း(၁၄၈)ဦး၊ သေဆုံး (၃)ဦး၊ ကုသဆဲ(၂၈)ဦး စုစုပေါင်း (၁၇၉)ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရသိရသည်။

ဝင်းကျော်မြင့်(လပွတ္တာ)