ဟင်္သာတ ဒီဇင်ဘာ ၂၃
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အ-ထ-က(၁) Quarantine Center ၌ ထားရှိသော ပြည်တွင်းမှပြန်လာသူများ၊ ထိစပ်လူနာများနှင့် အနံ့ပျောက်သူများနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြသော Volunteer များ စားသုံးရန်အတွက် ယနေ့ နံနက်ပိုင်းက ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းပြီး မုန့်ဟင်းခါးဘူးများနှင့် ထမင်းဘူးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တညီညီလွင် ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက နံနက်စာ မုန့်ဟင်းခါးဘူး(၁၁၀)ဘူး၊ နေ့လယ်စာ ထမင်းဘူး(၁၃၀)နှင့် ညနေစာထမင်းဘူး(၁၂၀) တို့ကို လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး Quarantine Center မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)