ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၇)ဦးအား ဓါတ်ခွဲနမူနာ Swab များရယူ

ချင်းရွှေဟော်    ဒီဇင်ဘာ   ၂၃

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၂၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၄၇)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာသီဟ နှင့်  ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ  နေရပ်ပြန်ပြည်သူများသည်  မြန်မာနိုင်ငံအတွင်းရှိ  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်းနှင့် ယခုဓါတ်ခွဲနမူနာ Swab ရယူစစ်ဆေးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ   မူဆယ်မြို့၊  ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့   ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း  သိရသည်။

ဇင်ဇင်(ပြန်/ဆက်)