ဟားခါး ဒီဇင်ဘာ ၂၃
ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အဖွင့်အမှာစကား ပြောကြားရာတွင် ချင်းပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အတွက် သောက်သုံးရေ စမ်းသပ်မှု၊ ပလပ်စတိတ်အသုံးပြုမှု လျော့ချရေးများ၊ အသိပညာပေး ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်လာအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ကြရန်များ ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ပြည်နယ် တာဝန်ခံအရာရှိ ဦးခင်ကျော်ညွန့် က ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်အဆင့်ဆင့်ကို လည်းကောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ကော်မတီဝင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၉)ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)