ကန်ပိုက်တီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် မြို့တွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ကန်ပိုက်တီ    ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းဖြစ်သည့် နှစ်ခြင်းဘုရား ကျောင်း-မူကြိုကျောင်း-ဘောလုံးကွင်းတို့ ဆက်သွယ်ထားသည့်လမ်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မြို့ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် ခင်း‌‌ခြင်းလုပ်ငန်းအား ဒီဇင်ဘာ ၂၂ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

 အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ (၃၀၀) အကျယ် (၁၄)ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေကျပ် သိန်း(၁၀၀) ဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ခင်းကျင်းခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့စင်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလာဝူက ဒေသခံပြည်သူများ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းသွား/ ကျောင်းပြန် အဆင်ပြေစေရန်ရည်ရွယ်၍ ယခင်မြေသားလမ်း၊ ကျောက်ခင်းလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင့်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကန်ပိုက်တီမြို့ မြစ်ခရွမ်း (Myit Hkrum) လမ်း၊ AG ဘုရားကျောင်းလမ်းနှင့် မြို့ပတ်လမ်းတို့အား ဆက်လက်ခင်းကျင်း သွားမည်ဖြစ်ကြောင်းကိုလည်းအမှုဆောင်အရာရှိ ဦးလာဝူထံမှ သိရသည်။

Ko Z (မြို့ပြန်/ဆက်)