ချင်းရွှေဟော်မြို့၌ နေရပ်ပြန်ပြည်သူများအား Rapid Test Kit စနစ်ဖြင့်စစ်ဆေး

ချင်းရွှေဟော်    ဒီဇင်ဘာ  ၂၃

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ   အမျိုးသား (၈)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၀)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့်  ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  ယနေ့နံနက် (၁၀)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့   ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်းနှင့် (၁၀)ရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏   ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)