မိုင်းပန် ဒီဇင်ဘာလ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့ မွန်းလွဲ (၁)နာရီအချိန်က Volunteer အဖြစ် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းတို့အား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်နှင့် တာဆန်းပူးပေါင်း စစ်ဆေးရေးဂိတ်တို့တွင် နေ့စဉ်နံနက် (၆)နာရီမှ ညနေ(၆)နာရီအထိ ခရီးသွားမိဘပြည်သူတို့အား ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာ တက်ကြွစေရန်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာဝန်ထမ်းများ လက်ဝယ်အရောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်ခိုင်တို့မှ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြန့်ဝေပေးသည့်ပစ္စည်းများမှာ Surgical Mask (၄၅၀)ခု၊ Glove တစ်ခါသုံး(၂၄၆)စုံ၊ ရော်ဘာ Glove (၁၂၃)စုံ၊ Examination Glove (၄၅)စုံ၊ လည်ရှည်ဖိနပ် (၃၆)စုံ၊ ပိုးသတ်ဆေးရည် (၆၃)ဂါလန်၊ ဆေးဖျန်းပုံး (၉)ပုံး၊ ဘေစင်(၆)ခု၊ အမှိုက်ပုံးကြီး (၆)ပုံး၊ အကြမ်းစီးဖိနပ် (၁၈)ရံ၊ Hand Spray (၁၅၆)ဘူး၊ ဖိနပ်အစွပ် (၅၁)စုံ၊ PPE(၁၂၃)စုံ၊ Apron ရှေ့ဖုံးခါးစည်း(၁၂၆)ခု၊ Surgical Gown (၃၀)ခု၊ သူနာပြုဆေးပုံး (၃)ပုံး၊ အပူချိန်တိုင်းစက် (၆)ခု၊ Hand Washing Soap Liquid (၁၂၆)ဗူး၊ Vitamic-C (ဗီတာမင်စီ) (၁၈၅၇)ဘူး၊ Enervon-C (အန်နာဗွန်စီ)(၁၈၅၇)လုံး၊ Bleaching Powder (၃၀)စည် တို့ဖြစ်ကြောင်း သိရသည်။
အိရွှေစင်လတ်(မိုင်းပန်)