မိုင်းယောင်း ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၃၃၅) ခြေမြန်တပ်ရင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်က မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများကို ရှင်းလင်း ပြောကြားကာ မီးလောင်မှုဖြစ်လျှင် မီးငြှိမ်းသတ်ပုံ၊ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း