ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးနှင့် ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟင်္သာတ  ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးနှင့်  ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဟင်္သာတခရိုင်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်က ခရိုင်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာညီညီလွင်က Quarantine Center များ၌ စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်က ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့များ၊ Volunteer များက ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို အသီးသီး ဆွေးနွေးတင်ပြကြပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးနဲ့ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာ သန်းထွန်းအောင်တို့က တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးဦးဝင်းဌေး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိန်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စိုးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့များ၊ Volunteer များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)