တနိုင်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးထိုးနှံပေး

တနိုင်း ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးများကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက်(၉)နာခွဲမှ နေ့လယ်(၁၂)နာရီအထိ တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစပ်ကာကွယ်ဆေးများထိုးနှံပေးရာတွင် တနိုင်းမြို့မိခင်နှင့်ကလေးကျန်းမာရးဌာန၌ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှချမှတ်ပေးထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊အသည်းရောင် အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ဦးနှောက်အမြှေးရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကို တစ်ရက်လျှင်ကလေးငယ် (၅၀)ဦးထိ ထိုးနှံပေးပြီး တနိုင်းမြို့နယ်တွင် အသက် (၁)နှစ်အောက် ကလေးငယ်(၆၂၃)ဦးနှင့်အသက် (၂)နှစ်အောက် ကလေးငယ်(၁၄၇၀)ဦး ရှိကြောင်း တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဆရာမ ဒေါ်ပြုံးချိုထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)