အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

လွိုင်ကော် ဒီဇင်ဘာ ၂၄

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရာတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော အကြမ်းဖက်ခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကူညီပံ့ပိုးသော ဖြစ်ရပ် စီမံခန့်ခွဲမှု အစီအစဉ်နှင့် One Stop Women Shop Center (OSWSC) ၏ ဝန်ဆောင်မှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများ ၊ အရပ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)