ကွန်ဟိန်း ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ခြင်းအား ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က မြို့မစျေးနှင့် ယာယီပျံကျစျေးတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် စျေးရောင်းသူ၊စျေးဝယ်သူ ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက Mask တပ်ဆင်ကြရန် အသိပညာပေးခြင်း ၊လမ်းသွား လမ်းလာပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းအား မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ ၊ စေတနာ့ ဝန်ထမ်းအဖွဲ့ခေါင်းဆောင် ဦးသိန်းလင်းအောင်နှင့် အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)