အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြည်ပဧည့်သည်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မြစ်ကြီးနား မတ် ၂၀

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ပြင်ပမှ လုပ်ငန်းကိစ္စ လာရောက်သည့် ဧည့်သည်များအား COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း အပူချိန်တိုင်းပေးခြင်း Hand Gel လက်သန့်စင်ဆေးရေးဖြင့် လက်သန့်စင်စေ၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်နေမှုများကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးသန်းက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို မတ်လ (၁၈)ရက်နေ့မှ စတင်ကာ နေ့စဉ် ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိန်ဝင်း (ပြန်/ဆက်)