မိုင်းခုတ် ဩဂုတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ယမန်နေ့ညအချိန်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယနေ့နံနက်ပိုင်းအချိန် ကျိုင်းတုံ−မိုင်းခုတ်-မိုင်းဆတ်မြို့ဆက်သွယ်ထားသော မိုင်းခုတ်မြို့နှင့် ရှုခင်းသာ (၁)ရွာကြား ကားလမ်းမပါ်သို့ လုံးပတ် နှစ်ပေပတ်လည်ခန့်၊ အမြင့် (၃၀)ပေ ခန့်ရှိ ဒေသအ ခေါ်ဝေါ်အရ စက္ကူ သစ်ပင် ပြိုလဲ၍ လမ်းပိတ်ဆို့မှုခတ္တဖြစ် ပေါ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ လမ်းပိတ်ဆို့ရာနေရာသို့ မိုင်းခုတ်မြို့ပေါ်မှ ဌာနဆိုင်ရာအချို့နှင့် မိဘပြည်သူများ စုပေါင်းပြီး ခရီးသွား ပြည်သူများအချိန်မှီ လိုရာခရီး သွားရာက်နိုင်ရေး၊ ကားလမ်းမ အချိန်ကြာမြင့်စွာ ပိတ်ဆို့မှုမဖြစ် ပေါ်စေရေး၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ အလွယ်တကူ သွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်တွင် အချိန်မီ သွားရောက် ရှင်းလင်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်၏ ပြောကြားချက်အရ သိရသည်၊၊
အဆိုပါ လမ်းမပေါ်သို့ ခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနေကြပြီ ဖြစ်ကြောင်း သိရသည်၊၊
ဆလိုင်းနိုင်းခွီရှိန်း(ပြန်/ဆက်)