မိုင်းလုံ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ တားဆီးရေးနှင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်ရာတွင် ပြည်သူများရောဂါပိုး ကူးစက်မှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ကိုလိုက်နာကြရန်၊ ရပ်ကွက်အတွင်း နေထိုင်ကြသောပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ပြည်ပပြန်များ၊ ရောဂါဖြစ်ပွားမှုများသောဒေသမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား ပေးရန်၊ အခြားမြို့များသို့ ခရီးသွားရာတွင် ကျန်းမာရေးထောက်ခံစာ၊ ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာများ ရယူရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွနေရာများ တွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် မြန်မာနှင့်ရှမ်း ဘာသာစကားနှစ်မျိုးဖြင့် လိုက်လံ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)