သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

သီပေါ  ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြတ်မွန်စေတနာလူမှုကူညီရေး(နာရေး) အသင်း၏ လုပ်ငန်းများတွင် အသုံးပြုရ န်အတွက် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က အဆိုပါ လူမှုကူညီရေး အသင်းရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြတ်မွန်စေတနာလူမှုကူညီရေး(နာရေး)အသင်း၏ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရွှေသံလွင် လူမှုကူညီရေးအသင်း၊ ဒေါ်မေဦးနှင့်သူငယ်ချင်းများ(2000 Group)မှ လှူဒါန်း ပေးပို့ လာသော ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် PPE Level-3 ဝတ်စုံ (၃၀)စုံ၊ N95 Maskများ၊ Hand Gelများ၊ ကလိုရင်းဆေးရည်နှင့် ဘက်ထရီသုံး ပိုးသတ်ဆေးဘူး ()ဘူးအား အလှူရှင်များကိုယ်စား ကိုထွန်းထွန်းမှ ပေးအပ်လှူဒါန်းရာ မြတ်မွန်စေတနာ လူမှုကူညီရေး (နာရေး) အသင်း ဥက္ကဋ္ဌ ဦးစောနိုင်နှင့် အသင်းအလုပ်အမှုဆောင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)