ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေး

ကြံခင်း  ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ဈေးဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် စစ်ဆေးချက်ဇယားများအပေါ် (A)အဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဆိုင်များအား ရောင်းချခွင့်ပြု ထားပြီးဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ထားမှုများကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ လိုက်နာမှု မရှိသော ဈေးဆိုင်များအား ပထမအကြိမ်( ၇)ရက်၊ ဒုတိယအကြိမ်(၁၄)ရက်၊ တတိယအကြိမ် (၁)လပိတ်သိမ်း သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးမှ သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)