တောင်ကြီးမြို့တွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

 

တောင်ကြီး  ဒီဇင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး ပါးပစ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံတွင်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လာနေသဖြင့် တောင်ကြီးမြို့နယ်နေပြည်သူများ အနေဖြင့်ရောဂါကူးစက်မူမှ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ မိမိနေအိမ် တွင်သာနေထိုင်ကြရန်၊မဖြစ်မနေ နေအိမ်အပြင်သို့ ထွက်ခွာ ပါက ပါးပစ်နှာခေါင်းစည်း (Mask)များစနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ခွာရန်၊ လူစုလူဝေးနေရာများ ရှောင်ရှားရန်၊ ကိုဗစ်−၁၉ (COVID-19)ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရမှထုတ်ပြန်ထားသည့် ပြည်သူများသို့ ပန်ကြားချက်များကို နှိုးဆော်ပေးလျက် ရှိသည်။

မြို့နယ်ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထ ွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယ ဉီးစီးမှူး ဉီးဝင်းထွေး နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စည်ပင်သာယာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့ကဝါးပြားလမ်းဆုံ၊ မီးပွိုင့်၌ပါးပစ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)