ဖားဆောင်း ဒီဇင်ဘာ ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းမှ (AVIP)ဖြည့်သွင်း နည်း သင်တန်းဖွင့်လှစ်ပို့ ချခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘောလခဲခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဖားဆောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းဝင်းစိုးက သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက သင်တန်းမှ ရရှိသော ပညာရပ် များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားခဲ့ သည်။ အဆိုပါသင်တန်းတွင် ဖားဆောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းဝင်းစိုးနှင့် (VDP) စီမံကိန်း တာဝန်ရှိသူများက (AVIP)ရေးဆွဲရန် ပြင်ဆင်မည့် အကြောင်းအရာများ၊ စာရင်းဇယား ဖြည့်သွင်းရ မည့်ပုံစံ(၁)မှ ပုံစံ(၁၄)ထိ ရှင်းလင်းပို့ချကြောင်းနှင့် (VDP)စီမံကိန်းကျေးရွာ(၇)ရွာမှကော်မတီဝင်(၇)ဦး၊ စာရင်းကိုင်(၇)ဦး စုစုပေါင်း (၁၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်ရက် ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)