မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campign ပြုလုပ်

မိုင်းရယ်    ဒီဇင်ဘာ   ၂၄

မိုင်းရယ်မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်းများ လူတိုင်းတပ်ဆင်နိုင်ရေးအတွက် ယနေ့နံနက်()နာရီက Mask Campign ကို ပြုလုပ်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask Camping ပြုလုပ်ခြင်းကို မိုင်းရယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအား နှာခေါင်းစည်းများ ဝေငှခြင်း၊ တပ်ဆင်ပေးခြင်းများကို မိုင်းရယ်မြို့လယ်ဘုရား အဝိုင်းပတ်တွင် လည်းကောင်း၊ မိုင်းရယ်မြို့မှ လားရှိုးမြို့ဘက်အထွက်တွင်လည်းကောင်း Masks Camping ပြုလုပ်ခဲ့သည်။

ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဉီးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဌာနမှလည်း ယနေ့နံနက်ပိုင်းတွင် မိုင်းရယ်မြို့မစျေးနှင့် ယာယီပျံကျစျေးများတွင် နှာခေါင်းစည်းများ ဝေငှခြင်း၊ စနစ်တကျတပ်ဆင်ရေး အသိပေးနှိုးဆော်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။    

မြို့နယ် ပြန်/ဆက်