ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ် စညတဲတန်းကျေးရွာ တိရစ္ဆာန် အသက်ကယ်ကုန်းတွင် နွားကောင်ရေ(၁၁၂)ကောင်ရောက်ရှိ

ကြံခင်း   ဩဂုတ်    ၅

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု တဲတန်းကျေးရွာတိရစ္ဆာန် အသက်ကယ်ကုန်းတွင် ဇူလိုင်(၃၀)ရက်မှ ဩဂုတ်လ (၃) ရက်နေ့ထိ နွားကောင်ရေ (၁၁၂)ကောင် ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာခြင်းသည် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ် နီးလာပြီး ရေဝင်ရောက်သော ကျေးရွာများ ဖြစ်သည့် ရေလယ်ကျွန်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာ(၅)ရွာတွင် ရှိသော တိရစ္ဆာန်များအား ရေဘေးရွှေ့ပြောင်းရန် အခက်အခဲ မရှိစေရန်၊ တိရစ္ဆာန် အသေအပျောက်နှုန်း နည်းစေရန်၊ တိရစ္ဆာန်များ တစ်နေရာတည်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အသက်ကယ်ကုန်းဆောက်လုပ်ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်ဝင်းကို ဦးဆောင်သော အဖွဲ့က တိရစ္ဆာန် အသက်ကယ်ကုန်းသို့ ရောက်ရှိလာသော နွားကောင်ရေ(၁၁၂) ကောင်၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)