ကန်ပိုက်တီမြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

ကန်ပိုက်တီ    ဒီဇင်ဘာ   ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ အမှတ် (၁)၊(၂)၊(၃) ရပ်ကွက်တို့တွင် ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ည ၆ နာရီမှ ၈ နာရီခွဲချိန်ထိ ဌာနဆိုင်ရာ အစုအဖွဲ့များက အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတောင်ဇင်အောင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကန်ပိုက်တီမြို့ အမှတ်(၁)၊ (၂)၊ (၃)ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသံချဲစက်ဖြင့် မြို့အတွင်း နေထိုင်သည့်တိုင်းရင်းသား လူမျိုးများ ဖြစ်သည့် လာချိဒ်၊ လော်ဝေါ်၊ လီဆူနှင့် တရုတ် ဘာသာစကားများ ဖြင့်လှည့်လည်၍ အသိပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

KZ (မြို့ပြန် /ဆက်)