ရေကြည်မြို့နယ် ဘုရားကုန်းကျေးရွာတွင် ကမ်းပြိုဘေးသင့် မိသားစုအား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံ့

ရေကြည်  ဒီဇင်ဘာ ၂၄

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် (၂၂-၁၂-၂၀၂၀)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ဘေးသင့်မိသားစုဝင်၏ လက်ဝယ်အရောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁)သိန်း၊ ​စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေတစ်သိန်းခြောက်ထောင်သုံးရာနှင့် ဘေးသင့် မိသားစုဝင် (၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာရန်ပုံငွေတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)