နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှန်အဟုန်မြှင့်တင် ဆောင်ရွက်

နောင်ချို ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်သည် ရှမ်းပြည်နယ်၏အဝင်တံခါးမြို့ဖြစ်ပြီး ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်း၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ နေ့/ညအလှည့် ကျ တာဝန်ယူကာ မိမိတို့ပြည်နယ် အတွင်းသို့ ဝင်ရောက်လာသော ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များအနေဖြင့် ()ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် ပါ/မပါ စစ်ဆေးခြင်း၊ ရှမ်းပြည်နယ်အတွင်း အမှန်တကယ်နေထိုင်ပြီး မိမိနေရပ်သို့ ပြန်လာသည့် ခရီးသွားများအား သက်ဆိုင်ရာမြို့နယ်များနှင့်ချိတ်ဆက်၍ ဝင်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊ ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ယာဉ်များနှင့်ခရီးသည်စာရင်းများ မှတ်သားခြင်း၊ နောင်ချိုမြို့နယ် အတွင်း ကုန်ပို့မည့်ကားများအား မြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ စစ်ဆေးရေးဂိတ်၌သာ ကုန်ချိန်း၊ ကားချိန်း၍ သယ်ဆောင်စေခြင်းတို့ကို ကြပ်မက်ဆောင်ရွက်လျက်ရှိပြီး နေ့စဉ်ဆောင်ရွက်မှုအခြေအနေများကို ကျောက်မဲခရိုင်မှ ခရိုင်အဆင့်ဌာနဆိုင်ရာများက လာရောက်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ရှမ်းပြည်နယ်အတွင်းမှ ထွက်ခွာမည့်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ကျန်းမာရေးဌာန၏ ဦးဆောင်မှု၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နေ့စဉ်စစ်ဆေးပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား နောင်ချိုမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးကာ ပိုးတွေ့သူနှင့်ထိစပ်မှုရှိသူများကို အထက() Quarantine Centre တွင် ထားရှိကာ လိုအပ်သော စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)