ကျောက်ဆည် ဒီဇင်ဘာ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ လူနာကုတင် (Fowler bed)၊ Wheel chair နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများကို အလှူရှင်များက ယနေ့နံနက်(၉)နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
လှူဒါန်းရာတွင် ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက် ဒေါ်ခင်မြင့်မြင့်စိုး(ခရိုင်စာရင်းစစ်ရုံး)မှ လူနာကုတင် (Fowler bed) တစ်လုံး၊ ပေါက်တောရပ်ကွက် ဦးချင်းနှင့် ဒေါ်ချိုချို(ချင်းတောင်)မိသားစုမှ အလှူငွေ ကျပ်(၁)သိန်းနှင့် တန်ဖိုးငွေ(၂၅၀၀၀၀)ကျပ် ဝှီချဲ(၁)ခု၊ ဒေါ်သန်းသန်း၊မိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ Kyaukse Off-Road သူငယ်ချင်းများ အဖွဲ့မှအလှူငွေကျပ်(၁)သိန်း အသီးသီး လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
လှူဒါန်းမှုများကို ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်နှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများ ပြန်လည်ပေး အပ်ခဲ့ကြောင်းနှင့် လက်ခံရရှိသည့် အလှူငွေများနှင့်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)