ညောင်ဦးမြို့နယ်တွင် CERP အစီစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်းသုခစံပြကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ

ညောင်ဦး  ဒီဇင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၀ခုနှစ် မိုးရာသီ ၌မိုးစပါး ၁၉၁၈ ဧက စိုက်ပျိုးခဲ့ပြီး CERP အစီစဉ်ဖြင့် မိုးစပါးပျိုးစေ့ထုတ်စံပြကွက် ၇၀ ဧက ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံကသိရသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတွင် CERP အစီအစဉ်ဖြင့် မိုးစပါးဆင်းသုခ ၂၀ ဧက စိုက်ပျိုးခဲ့ပြီး မိုးစပါးစိုက်ခင်းများရိတ်သိမ်းချိန်ဖြစ်၍ မြို့နယ်ကိုယ်စားပြု အထွက်နှုန်းသတ်မှတ်နိုင်ရန်အတွက် မျိုးကွဲအလိုက် ကောင်း၊ သင့်၊ ညံ့ စံကွက်များ ရိတ်သိမ်းဆောင် ရွက်လျှက်ရှိရာ သူကောင်းတည်မြစ်ရေတင် ကွင်းအမှတ်-၁၃၄၄ ရှိတောင်သူ ဦးကျော်ဆွေ၏မိုးစပါးစိုက်ခင်းတွင် ၀.၁၀ ဧက စံကွက်ရိတ်သိမ်းခြင်းကွင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (ရေအရင်းအမြစ်)မှ  ဝန်ထမ်းများသည် တောင်သူ များနှင့်အတူပူးပေါင်း၍  စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၁၀၀.၇၅)တင်း၊ အစို ထွက်ရှိခဲ့ကြောင်းသိရသည်။ညောင်ဦးမြို့နယ်တွင် ကျောက်ကူးမြစ်ရေတင်၊ လောကနန္ဒာ မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်နှင့် ငါ့သရောက်မြစ် ရေတင်၊ မြစ်ရေတင်ငါးခုဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးလျက်ရှိကြောင်း သူကောင်းတည်မြစ် ရေတင် တာဝန်ခံ ဦးလှပြုံးကပြောကြားသည်။

ကိုထိန်၊KPD