ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀) ဦး အား ကိုဗစ်-၁၉ကာလအတွင်း ထောက်ပံ့ငွေပေးအပ်

ရပ်စောက်      ဒီဇင်ဘာ        ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် သမဝါယမအသင်းလိမိတက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀)ဦးအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ဂျီအီးစီ (ပညာရေး ဝန်ထမ်းများ) ရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)သမဝါယမအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်မှ သမဝါယမအသင်း လိမိတက်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ထောက်ပံ့ငွေ ပံ့ပိုးပေးရခြင်းနှင့်ပတ်သက်၍ အကျဉ်းတင်ပြရှင်းလင်းခဲ့သည်။

ဆက်လက်၍ သမဝါယမအသင်းလိမိတက်မှ တာဝန်ရှိသူများက ပညာရေးနယ်မြေအလိုက် ဂျီအီးစီ (ပညာရေး ဝန်ထမ်းများ) အသင်းသား(၁၂၄၀)ဦးအတွက် အသင်းသားတစ်ဦးလျှင် ကျပ်(၁၅၀၀၀)ဖြင့် စုစုပေါင်း ငွေကျပ်(၁၈၆၀၀၀၀၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)