ဖယ်ခုံမြို့၌ Mask Campaign ဆောင်ရွက်

ဖယ်ခုံ      ဒီဇင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ယမန်နေ့က မြို့မဈေးတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Mask Campaign ဆောင်ရွက်ရာတွင် Go Away Corona သီချင်းဖြင့် Pekon Fitness Dance အဖွဲ့မှ သရုပ်ဖော်ကပြခြင်း၊ ရောဂါဖြစ်ပွားမှု ကာကွယ်ရန်နည်းလမ်းများကို လက်ကိုင်အသံချဲ့စက် များ ဖြင့် အသိပညာပေးခြင်းနှင့် မြို့မဈေးတွင် ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဒေသ၏ငါးရက်တစ်ဈေး ဈေးနေ့တွင် Mask တပ်ဆင်ရေးနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)