ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခါ့ကရန်းယန်ကျေးရွာ အလကကျောင်းဆောင် သစ်ပန္နက် ရိုက်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းဆောင်သစ်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တင်ဒါအောင် မနောရွှေ မြေကုမ္ပဏီမှ အလျား ၁၂၀ ပေ ၊အနံ ၃၀ ပေ ၊အမြင့် ၁၈ ပေ တစ်ထပ် ကျောင်းဆောင်သစ်အား ကျပ် ၆၈.၄ သန်းဖြင့် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း။
အဆိုပါ အခမ်းအနားတွင် ခါ့ကရန်းယန်ကျေးရွာမှ ဘာသာရေးခေါင်းဆောင်များက ဆုတောင်းပေးပြီး မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စည်ပင်၊ မြို့နယ်လမ်းဦးစီး၊ ခါ့ကရန်းယန် အလကကျောင်းအုပ်၊ ဘာသာရေးခေါင်းဆောင်၊ တင်ဒါအောင် မနောရွှေမြေမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ ပန္နက်ရိုက်တင်ပေးခဲ့ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)