တပ်ကုန်း ဒီဇင်ဘာ ၂၄
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နေပြည်တော် တပ်ကုန်း မြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နောက် တပ်ကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်တင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေတို့က ငွေလုံးငွေရင်းကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ထို့နောက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းက နည်းပညာပိုင်း ဆိုင်ရာ အမှတ်ပေး စည်းမျဉ်း၊စည်းကမ်းများကို ရှင်းလင်းတင်ပြပြီး မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ က နည်းပညာပိုင်းဆိုင်ရာအိတ်ပိတ် တင်ဒါ တင်ထားသည့် စာအိတ်များကို ကုမ္ပဏီတာဝန်ရှိသူ များ ရှေ့၌ ဖွင့်ဖောက် စစ်ဆေးသည်။
တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်း(၃) ခု၊ ကျပ်သန်း(၁၀၀)အောက် လုပ်ငန်း(၂၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေး လုပ် ငန်း(၂၄)ခုကို သတ်မှတ် စည်းကမ်းချက်များနှင့် အညီ တင်ဒါအောင်မြင်သော ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်