မောက်မယ်၌ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်

မောက်မယ် ဒီဇင်ဘာ ၂၄

ကျေးလက်နေပြည်သူများ မြေပိုင်ဆိုင်ခွင့်ရရှိရေး၊ လယ်ယာမြေပြဿနာများနည်းပါးရေး မြေယာလုပ်ထုံးလုပ်နည်းများအား ပြည်သူများသိရှိစေရေး ကျေးလက်နေပြည်သူများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများပိုမိုရရှိရေး နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ငွေများ ရရှိစေရေးအတွက် ကျေးရွာမြေများ နှစ်(၃၀) မြေငှားဂရန် ထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)  လင်းခေးခရိုင်၊  မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု မိုင်းယွန်းကျေးရွာ၌ ယနေ့နံနက် နာရီက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း တိုင်းတာ ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  မြေပြင်ထိမ်းမှတ်(GCP)ပွိုင့်ချထားခြင်း၊ အမြဲမြေတိုင်း မှတ်တိုင်များ စိုက်ထူခြင်းနှင့် ခေတ်မီမြေတိုင်းကိရိယာများဖြင့် မြေတိုင်းတာခြင်း လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)