စဉ့်ကိုင် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ယနေ့နံနက်(၇)နာရီခွဲ အချိန်မှ စတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး လျက် ရှိကြောင်းသိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွား မှုမရှိစေ ရေးအတွက် ဘဏ်ရုံး အ၀င်တွင် လက်သန့်ဆေးရည်များ၊ လက်ဆေး ဆပ်ပြာ၊ လက်ဆေး ရေများ ထားရှိပေးခြင်း၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ပြီးမှသာ ဘဏ်ရုံးအတွင်းသို့ ၀င်ရောက် စေခြင်း၊တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စီစဉ်ထားရှိပေးခြင်းများဆောင်ရွက်ထားရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသူအငြိမ်းစား၀န်ထမ်း စုစုပေါင်း(၁၄၈၀)ဦး ရှိပြီး အဆိုပါ ပင်စင်စားဝန်ထမ်းများ ပင်စင် လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူ နိုင်ရန် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငါ ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေး လျက်ရှိပြီး လစဉ်(၂၁)ရက်မှ လစာထုတ်ရက်မတိုင်မီ အထိနေ့စဉ်နံနက်(၇)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ လူစုလူဝေး မဖြစ်ပေါ်စေရန် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးစန်းဝင်းလွင် ထံမှသိရသည်။
ညိုညို၀င်း(ပြန်/ဆက် )