ဖလမ်းခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဖလမ်း  ဒီဇင်ဘာ ၂၄

ဖလမ်းခရိုင်အဆင့် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။

အစည်းအဝေးတွင် Word Vision ဖလမ်းမှ Child Protection Technical Program Coordinator ဦးလာလ်ရိုနွန်းနာက World Vision က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို Power Point ဖြင့်ရှင်းလင်းပြီးနောက် ခရိုင်ဉပဒေအရာရှိ ဦးဆွေဦး၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဆွေ၊ ခရိုင်ပညာရေးမှူး ဒေါ်မာလာရီတို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဆွေက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်)ကို Power Point ဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)