မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၄
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြု ပိုးတွေ့လူနာ (၁၃)ဦးသည် ဆေးကုသမှု့ခံယူပြီး (၁၁)ရက် ပြည့်မြောက်သဖြင့် ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းခွင့်ရသည်။
မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာ (၄၅၁)ဦး၊ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစုပေါင်း (၄၀၀)ဦး၊ ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်ဆေးရုံတို့တွင် ဆေးကုသမှု့ခံယူဆဲ (၄၈)ဦးသာကျန်ရှိပြီး၊ ရောဂါအခံရှိသူ (၃)ဦးသေဆုံးခဲ့သည်။
မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုမပြန့်ပွား စေရန်အတွက် ရောဂါအတည်ပြုလူနာများရှိသည့် ရပ်ကွက်နှင့် ကျေးရွာများကို လိုအပ်ပါက Stay at Home သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်လျက်ရှိပြီး မြို့နယ် အတွင်းရပ်ကွက်၊ ကျေးရွာများတွင်လည်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ရန်၊ ပြည်သူများအနေနှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ အပြင်ထွက်က mask တပ်ရန် လူစုလူဝေးရှောင်ရှားရန်တို့အား နေ့စဉ်လှည့်လည် ကြေညာခြင်း၊ မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့(၆)ဖွဲ့ခွဲ၍ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများ၊ မြို့မိ/မြို့ဖများ၊ အခြားလူမှုရေး အသင်းအဖွဲ့များမှလည်း အရေးပေါ်ကိစ္စရပ်များရှိပါက zoom application ဖြင့် online အစည်းအဝေး ချက်ချင်းပြုလုပ်ဆောင်ရွက်ခြင်း၊ အပတ်စဉ်အစည်းအဝေးများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်တွင် ရောဂါပိုးကူးစက်ပျံ့နှံ့မှု့ လျော့ချစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)