ရွှေကူမြို့၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွှေကူ        ဒီဇင်ဘာ       ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူများမှ နှာခေါင်းစည်းများကိုလည်း မဖြစ်မနေ စနစ်တကျ တပ်ဆင် သွားလာကြရန်အတွက် ယမန်နေ့ညနေ ၄ နာရီခန့်တွင် Mask Campaign လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရွှေကူမြို့ပေါ်ရပ်ကွက်များ၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လူစည်ကားရာနေရာ များဖြစ်သော အမှတ်(၂)ရပ်ကွက်ရှိ စည်ပင်သာယာရေး စျေးရှေ့၊ လူစည်ကားရာဖြစ်သော လမ်းဆုံနေရာများနှင့် မြို့ပေါ်ရပ်ကွက် များတွင် သွားလာလျက်ရှိသော ပြည်သူများအား နှာခေါင်းစည်းများ မဖြစ်မနေ စနစ်တကျတပ်ဆင်၍ သွားလာကြရန်အတွက် Mask Campaign လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းမှ ဦးဆောင်၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ Mask Campaign လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးတိုးတိုးဝင်း ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)