ပန်းတနော် သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက် ကဇင်းတောကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီက မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၅)လုံးအား ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၁၅)စုအတွင်းရှိ အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၄၆)ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ ထားရှိခဲ့ကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကမ်းပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)