စဉ့်ကူးမြို့နယ်၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စဉ့်ကူး၊    ဒီဇင်ဘာ  ၂၄   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း စီမံကိန်းများအဆိုပြုလျာ ထားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ( ၁၀ )နာရီ၌ ကျင်းပရာအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြသည်။

အဆိုပါ အခမ်းအနား၌မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးမြင့်ဇော် မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများနှင့်ပတ်သတ်၍ ဌာနဆိုင်ရာများမှ အသေးစိတ် ရှင်းလင်းတင်ပြ ဆွေးနွေးဖို့လိုကြောင်း ၊  မိမိတို့မြို့နယ်တွင်နှစ်စဉ်မြစ်ရေကြီးခြင်း ကြုံတွေ့နေရသဖြင့် သဘာဝ အခြေအနေကိုထည့်သွင်းစဉ်းစားပြီးဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးဖို့လိုပါကြောင့် ပြောကြားပြီး၊ မန္တလေးတိုင်း-  ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာကျော်နိုင်ဦးမှ စီမံကိန်းရေးဆွဲရာတွင် ပြည်သူကို အကျိုးပြုနိုင်သည့် လုပ်ငန်းများပေါ်မူတည်ပြီးစီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရခြင်းဖြစ်သည့်အတွက် မြို့နယ်ဖွံ့ဖြိုးမှုကိုအဓိကထားပြီး ဌာနဆိုင်ရာများ အနေဖြင့် မြို့နယ်အတွက် ရသင့်ရထိုက် တာကို မချွင်းမချန် တောင်းဆိုသင့်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်   မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်ဇင်မာအောင်ကလည်း ၂၀၂၁-၂၀၂၂  ဘဏ္ဍနှစ် အဆိုပြုထားသည့် လုပ်ငန်းစီမံချက်များကို  ဆွေးနွေးပြီးနောက် သက်ဆိုင်ရာဌာနများက ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ ကျန်းမာရေး၊ ပညာရေး၊စိုက်ပျိုးရေး၊ လျှပ်စစ်စသည့်  ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကလည်း မိမိတို့  မြို့နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စီမံကိန်းလျာထားချက်အပေါ်  အတည်ပြုအကောင်အထည်ဖော်ရသည့် အတွက် ဌာနများ ပေါင်းစပ်အကောင်အထည်ဖော် ပေးစေလိုပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။

တင်တင်နု( ပြန်/ဆက်)