ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အေးမြမေတ္တာ ပရဟိတသင်းအတွက် ကားဝယ်နိုင်ရေး အလှူငွေများလှူဒါန်း

​ကျောက်ဆည်  ဒီဇင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အချိန်ပြည့် ကူညီ ဆောင်ရွက်ပေးနေသည့် အေးမြမေတ္တာ ပရဟိတအသင်းအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ကားဝယ်ယူနိုင်ရေး အလှူရှင်များက စုပေါင်းလှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ကျောက်ဆည်မြို့ ပေါင်းစည်း မေတ္တာညွှန့်ပေါင်း အသင်းကြီးမှ အလှူငွေကျပ်(၁)သိန်း  လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းရာတွင် ဦးမောင်နိုင်နှင့် ဒေါ်ချောခက်ဝေ၊ ဦးနေမျိုးဇော်နှင့် ဒေါ်ခိုင်စုမွန်၊ ဦးဝင်းခိုင်နှင့် ဒေါ်ဇင်မာအောင်၊ ဦးအောင်အောင်၊ ဦးဌေးမြင့် (ညီမ)မလှလှတင့်၊မယဉ်မာအေး၊ ဦးဟိန်းထက်၊ မင်းသီဟ၊ ဦးသိန်းထွန်းနှင့် ဒေါ်ခင်ရီ၊ ဦးလင်းကျော်ဇင်+ဒေါ်ပပစိုး၊ ဦးတင်ကို(ညီ)ဦးအောင်၊ ပေါင်းစည်းမေတ္တာပရဟိတညွှန့်ပေါင်းအသင်းတို့မှ အလှူငွေ ကျပ်(၁)သိန်း အသီးသီးလှူဒါန်းခဲ့ကြပြီး အလှူရှင်(၁၆)ဦးတို့မှ ငွေကျပ်(၃၉၀၂၉၆)ကျပ် အသီးသီးစုပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆိုပါ အေးမြမေတ္တာ ပရဟိတ အသင်းသည် ကျောက်ဆည်မြို့ အေးမြကြည်လင် ရပ်ကွက်တွင် တည်ရှိသောကြောင့် ပရဟိတ လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နေရသည့်အသင်း(၁)သင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွား ချိန်မှစပြီး ကျန်းမာရေး ဝန်ထမ်းများ၊ အခြားတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သူ များအား သက်ဆိုင်ရာ Quarantine Centre များသို့ ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့နေရာများတွင် ပိုးသတ်ဆေးဖျန်း ပေးခြင်းလုပ်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေသည့် အသင်းတစ်သင်း ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)