တပ်ကုန်း ဩဂုတ် ၅
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ လွှဲပြောင်းပေး အပ်ခြင်းအခမ်းအနား ကို ယမန်နေ့နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အခမ်းအနားတွင် ဉတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှထွေးက အဖွင့်အမှာစကားပြောကြားပြီး တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းက ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စီမံကိန်းရရှိသော ကျေးရွာများဖြစ်ကြသည့် ရွေးစု၊ ဂွေ့ကြီး၊ အင်ဖက်ကုန်း၊ ရွာသစ်၊ စိန်ပန်းပင်၊ သဲဖြူနှင့် သကြားဟင်းအိုးကျေးရွာများအတွက် တစ်ရွာလျှင် ကျပ်သိန်း(၃ဝဝ)နှုန်း၊ သာယာဝှမ်း၊ ထရံကာ၊ ဒီးဒုတ်ကုန်းနှင့်ချောင်းခွကျေးရွာများအတွက် တစ်ရွာလျှင် ကျပ်သိန်း(၂ဝဝ)နှုန်းနှင့် ကြို့ကုန်း ကျေးရွာတွင် ကျပ်သိန်း(၁ဝဝ)တို့ကို သက်ဆိုင်ရာ ကျေးရွာစီမံကိန်းကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များသို့ ခရိုင်ဦးစီးမှူး ဦးလှထွေး၊ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်း နှင့်တာဝန်ရှိသူများမှ ကျေးရွာမတည် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ စီမံကိန်းလုပ်ငန်းများကို မကြာမီကာလအတွင်း အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
တင်စိုးလွင်